အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် ပန်းပွဲတော်ကို (၂၀၀၆) ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ပါသည်။ နှစ်စဉ်ကျင်းပသည့် ပန်းပွဲတော်ကို ပန်းအမျိုးအစားပေါင်းစုံလင်စွာ ခင်းကျင်းပြသခဲ့ပြီး ၁၃ ကြိမ်နှင့် (၁၄) ကြိမ်မြောက် ပန်းပွဲတော်တွင် နိုင်ငံခြားပန်းမျိုးစိတ်များကို ဆန်းသစ်သည့်ဒီဇိုင်းများစွာဖြင့် ခင်းကျင်း ပြသခဲ့ပါသည်။ ပန်းပွဲတော်ကာလတွင် ပုံမှန် စိုက်ပျိုးပြသသော ပန်းမျိုးစိတ်များအပြင် ပန်းမျိုးစိတ်အသစ် အရေအတွက် အများအပြားဖြင့် ဆန်းသစ်သော ဒီဇိုင်းအသွင်အပြင်များ ဖန်တီး၍ ခင်းကျင်းပြသပါသည်။ ပန်းပွဲတော်နှင့်အတူ ဂီတဖျော်ဖြေပွဲ၊ စျေးရောင်းပွဲတို့ကို ထည့်သွင်း ကျင်းပပြီး ပန်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကိုလည်း ထူးခြား ခမ်းနားသော အစီအစဉ်များဖြင့် ကျင်းပပြုလုပ်ပါသည်။
ရာသီအလိုက်ဖူးပွင့်သော ပန်းမာလ်များ
နောက်ဆုံးရသတင်းများ
Copyright 2018, Htoo Zoos and Gardens Business Unit. All rights reserved.