ငှက်ခြံ – Kandawgyi Gardens

ငှက်ခြံ

သဘာဝ တောအုပ်ငယ်အသွင် ဖန်တီးထားသော ငှက်ခြံအတွင်းတွင် ရေပျော်နှင့် သစ်တော ငှက်မျိုးစိတ်များကို လေ့လာတွေ့ရှိနိုင်ပါသည်။ ငှက်ခြံအတွင်း သစ်သားတံတားကို ဖြတ်သန်း၍ ငှက်များ၏ နေထိုင် ကျက်စားမှုနှင့် ၎င်းတို့၏ သဘာဝအလျောက် သာယာဖွယ် အော်မြည်သံနှင့် တွန်ကျူးသံလေးများကို ခံစားနိုင်မည် ဖြစ်ပါသည်။

သဘာဝငှက်ဥယျာဉ်အတွင်း ဒေါင်းပြာ၊ ဒေါင်းစိမ်း၊ ဒေါင်းဖြူ၊ အောင်လောင်၊ အောက်ချင်း၊ ရှားပါးသော ရွှေရောင်ရစ်၊ ငွေရောင်ရစ်တို့အပြင် ရိုဆဲလား ကြက်တူရွေး၊ ကတ္တဝါ အပါအဝင် ချစ်စရာကောင်းသော ပြည်ပမျိုး ငှက်များကိုလည်း တွေ့မြင်နိုင်မှာဖြစ်ပြီး ငှက်မျိုးစိတ်စုစုပေါင်း (၄၀) ခန့်၊ အကောင်အရေအတွက် (၂၀၀) ကျော်ကို ပြသထားပါသည်။

ငှက်ဥယျာဉ်အတွင်းရှိ သစ်သားတံတားပေါ် ဖြတ်သန်း၍ သစ်ပင်များနှင့် ငှက်တို့၏ အပြန်အလှန် မှီခိုနေထိုင်မှု ပုံစံကို ဗဟုသုတရဖွယ် လေ့လာကြည့်ရှုနိုင်ပြီး ဇီဝမျိုးစုံမျိုးကွဲ၏ အရေးပါမှုကို တွေ့မြင်ခံစား ပိုမိုတန်ဖိုးထားတတ်လာမည် ဖြစ်ပါသည်။

Copyright 2018. All rights reserved.