ရွှံ့နွံတောတံတား – Kandawgyi Gardens

ရွှံ့နွံတောတံတား

အင်ကြင်းကျောက်ပြတိုက်ဘေးမှ ဆင်းလာခဲ့လျှင် သစ်ပင်ကြီးများဖြင့် အုပ်ဆိုင်းနေသော ရွှံ့နွံတော (Swamp Forest) ကို ဖြတ်သန်းဖောက်လုပ်ထားသော သစ်သားတံတားကို တွေ့ရှိရမည် ဖြစ်ပါသည်။ ထို ရွှံ့နွံတံတားကို ဖြတ်သန်းလျှောက်လှမ်း၍ ရွှံ့နွံတော၏ အေးချမ်းသာယာလှပမှုကို ခံစားနိုင်သလို ရေနေသစ်ပင်မျိုးစိတ်များနှင့် ရွှံ့နွံတောဂေဟစနစ်ကို လေ့လာနိုင်မည် ဖြစ်ပါသည်။ ထိုရွှံ့နွံတောသည် ကန်တော်ကြီးကန်၏ ရေထွက်ဦး (Spring) လည်း ဖြစ်ပါသည်။

Copyright 2018. All rights reserved.