သစ်ခွဥယျာဉ်အတွင်းမှာပင် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော လိပ်ပြာပြတိုက်ကို တစ်ဆက်တစ်စပ်တည်း ဝင်ရောက်လေ့လာနိုင်မည် ဖြစ်ပါသည်။ မြန်မာ့လိပ်ပြာမျိုးစိတ် (၁၂၀၀) ခန့်ရှိသည့်အနက် ဤပြတိုက်တွင် မျိုးစိတ်ပေါင်း (၁၀၀၀) ခန့်ကို သပ်ရပ်လှပစွာ ခင်းကျင်းပြသထားပါသည်။ မြန်မာလိပ်ပြာမျိုးစိတ်များအပြင် ပြည်ပမျိုးစိတ် (၅၀၀) ကျော်ကိုလည်း လေ့လာတွေ့ရှိရမည် ဖြစ်ပါသည်။ သုတေသီများအဖို့တော့ တန်ဖိုးမဖြတ် နိုင်သော လေ့လာကိုးကားစရာ နေရာတစ်ခုပင် ဖြစ်ပါသည်။
Copyright 2018. All rights reserved.