သစ်ခွဥယျာဉ် – Kandawgyi Gardens

သစ်ခွဥယျာဉ်

မြန်မာ့တောရိုင်း သစ်ခွမျိုးများနှင့် အရောင်အသွေးစုံလင်လှသော စပ်မျိုးသစ်ခွ (Hybrid) များကို သစ်ခွဥယျာဉ် အတွင်း ရပ်သပ်ရှုမောဖွယ် တွေ့ရှိရမည်ဖြစ်ပါသည်။ ဥယျာဉ်အတွင်းမှ မပြန်ချင်လောက်အောင် ဆွဲဆောင် နိုင်လွန်းသဖြင့် ဧည့်သည်များအနေဖြင့် အချိန်လုံလုံလောက်လောက် ချန်ထားပေးဖို့ တိုက်တွန်းပါရစေ။

သစ်ခွဥယျာဉ်အတွင်းမှာပင် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော လိပ်ပြာပြတိုက်ကို တစ်ဆက်တစ်စပ်တည်း ဝင်ရောက်လေ့လာနိုင်မည် ဖြစ်ပါသည်။ မြန်မာ့လိပ်ပြာမျိုးစိတ် (၁၂၀၀) ခန့်ရှိသည့်အနက် ဤပြတိုက်တွင် မျိုးစိတ်ပေါင်း (၁၀၀၀) ခန့်ကို သပ်ရပ်လှပစွာ ခင်းကျင်းပြသထားပါသည်။ မြန်မာလိပ်ပြာမျိုးစိတ်များအပြင် ပြည်ပမျိုးစိတ် (၅၀၀) ကျော်ကိုလည်း လေ့လာတွေ့ရှိရမည် ဖြစ်ပါသည်။ သုတေသီများအဖို့တော့ တန်ဖိုးမဖြတ် နိုင်သော လေ့လာကိုးကားစရာ နေရာတစ်ခုပင် ဖြစ်ပါသည်။

Copyright 2018. All rights reserved.