Conservation program – Kandawgyi Gardens

Conservation program

မြန်မာ့ရှားပါး တောရိုင်းတိရစ္ဆာန်များ မျိုးသုဉ်းပျောက်ကွယ်မှု မရှိစေရေးနှင့် ထိန်းသိမ်းရေး အထောက်အကူပြုရန် ရည်ရွယ်၍ မြန်မာနိုင်ငံမြောက်ဖျားပိုင်းမှ ရရှိခဲ့သော သားမင်းကို အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း အများပြည်သူ လေ့လာကြည့်ရှုနိုင်ရန် ထိန်းသိမ်းမွေးမြူ ပြသထားပါသည်။ မြန်မာနိုင်ငံ၏ အခြားမည်သည့် နေရာတွင်မှ ခြံလှောင်မွေးမြူပြသထားခြင်း မရှိပါ။

Goat-antelope နို့တိုက်သတ္တဝါဖြစ်သော သားမင်းများသည် ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ (၃၀၀၀) ကျော်မှ (၁၄၀၀၀) အကြားရှိ သစ်တောဖုံးလွှမ်းသော ချိုင့်ဝှမ်းများမှသည် မြက်ခင်းပြင်ပေါများသော အအေးပိုင်း ဒေသများအထိ နေထိုင်ကျက်စားကြပါသည်။ မြန်မာနိုင်ငံတွင် သားမင်းမျိုးစိတ်ကို အိန္ဒိယ၊ တရုတ်နိုင်ငံတို့နှင့် ထိစပ်နေသော ပူတာအိုဒေသရှိ ရေခဲဖုန်းလွှမ်းတောင်တန်းများရှိရာ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်နှင့် ဖုန်ကန်ရာဇီအမျိုးသားဥယျာဉ်တို့တွင် တွေ့ရှိနိုင်ပါသည်။ ၎င်းတို့တွင် အေးသောရာသီဥတုဒဏ်ကိုခံနိုင်သည့် အဆီထူသော အရေပြားနှင့် လှပသောသားမွှေးများ ရှိသည်။ သားမင်းများသည် မျှစ်စို့များ၊ မြက်နှင့် သစ်ရွက် သစ်ဖုများကို စားသောက်ကြသည်။ ခန္ဓာကိုယ်အမြင့်မှာ (၃) ပေကျော်မှ (၆) ပေနီးပါးအထိ၊ ကိုယ်အလျားမှာ (၆) ပေကျော်မှ (၇) ပေကျော်အထိရှိပြီး၊ အလေးချိန်အားဖြင့် အထီးသည် (၆၆၀-၇၇၀) ပေါင်၊ အမသည် (၅၅၀-၆၆၀) ပေါင် ရှိပါသည်။

Copyright 2018. All rights reserved.