ကမ္ဘာနှင့်အဝှမ်း ဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ပြန့်ပွားမှုကို တားဆီးထိန်းချုပ် ရာတွင် အထောက်အကူဖြစ်စေရန်အတွက် အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်) ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၂၆) ရက်နေ့မှ စတင်ပြီး လက်ရှိအချိန်အထိ ယာယီပိတ်ထားပါသည်။
ဥယျာဉ်ပိတ်ထားသော်လည်း သစ်တောသစ်ပင်များ၊ သားငှက်တိရစ္ဆာန်များ ထိန်းသိမ်းခြင်းနှင့် ရာသီပန်းအလှ ပျိုးထောင်စိုက်ပျိုးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။
ဥယျာဉ်ပြန်လည်ဖွင့်လှစ်ခွင့် ရရှိပါက အများပြည်သူသို့ အချိန်နှင့်တပြေးညီ အသိပေးသွားမည် ဖြစ်ပါကြောင်း နှင့် ဧည့်သည်များအတွက် အစဉ်အမြဲ သာယာလှပနေသော၊ တိုးတက်ကောင်းမွန်နေသော ပန်းဥယျာဉ်ကြီး အဖြစ် မြင်တွေ့နိုင်ရန် အစွမ်းကုန်ထိန်းသိမ်းဆောင်ရွက်လျက် ရှိပါကြောင်း အသိပေးတင်ပြအပ်ပါသည်။
Copyright 2018. All rights reserved.