Private Tour အစီအစဉ် – Kandawgyi Gardens

မွန်းကျပ်မှုတွေနဲ့ အဝေးမှာ ခေတ္တနားချင်တဲ့ မိတ်ဆွေတို့အတွက် Private Tour Plan လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ COVID စည်းကမ်းနဲ့ အညီ ဥယျာဥ်တွင်း မိသားစုသီးသန့် လည်ပတ်နိုင်မယ့် အစီအစဥ်လေးပဲ ဖြစ်ပါတယ်။ Private Tour Package အတွက် အဖွဲ့တစ်ဖွဲ့ကို (၁၅၀၀၀) ကျပ် ကျသင့်မှာ ဖြစ်ပြီး တစ်ဖွဲ့ကို (၅)ဦး ထိ လက်ခံပေးသွားမှာ ဖြစ်ပါတယ်။ Private Tour Package မှာ ဘာတွေပါဝင်မလဲ.. ?
* ဥယျာဥ်ဝင်ခွင့်လက်မှတ်
* ဥယျာဥ်အတွင်း Buggy ဖြင့်တစ်ပတ်လည်ပတ်ခွင့်
* သစ်ခွဥယျာဥ် ဝင်ကြေးကင်းလွတ်ခွင့်
* လိပ်ပြာပြတိုက် ဝင်ကြေးကင်း လွတ်ခွင့်
* သဘာဝငှက်ဥယျာဥ် တို့သို့ ဝင်ရောက်လည်ပတ်ခွင့်များ ပါဝင်မှာဖြစ်ပါတယ်။
(၇) ရက်နေ့မှ စတင်လည်ပတ်နိုင်မှာ ဖြစ်ပြီး တစ်ရက်လျှင် အဖွဲ့ (၃၀) သာ လက်ခံပေးသွားမှာမို့ အမြန်ဆုံး ဆက်သွယ်လိုက်ပါနော်။ မိမိတို့လာရောက်လိုတဲ့ လူဦးရေပေါ်မူတည်ပြီး ညှိနှိုင်းဆောင်ရွက်ပေးသွားမှာမို့ ဆက်သွယ်စုံစမ်းလိုပါက 095048201 သို့ မေးမြန်းနိုင်မှာဖြစ်ပြီး ဥယျာဥ်ဝင်ခွင့်လက်မှတ်ရောင်းတဲ့ နေရာမှာလည်း အလွယ်တကူ ဝယ်ယူနိုင်အောင် စီစဥ်ပေးထားလျက်ရှိကြောင်း သတင်းကောင်းပါးလိုက်ပါရစေ... ဆက်သွယ်စုံစမ်းရန် - 095048201
#NationalKandawgyiGardens
#PyinOoLwin

Copyright 2018. All rights reserved.