🌲🌲ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ (World Environment Day)🌲🌲
နှစ်စဉ် ဇွန်လ (၅)ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ (World Environment Day) အဖြစ်သတ်မှတ်ပြီး နှစ်စဉ်ကျင်းပလာခဲ့ရာ ကမ္ဘာတစ်ဝှမ်းလုံးရှိ သန်းပေါင်းများစွာသော လူများပါဝင်ဆင်နွှဲလေ့ရှိပါသည်။ ယခုနှစ် ၂၀၂၄ ခုနှစ်တွင်လည်း “Our Land, Our Future” ဟူသောဆောင်ပုဒ် နှင့် အညီ မြေဆီလွှာထိန်းသိမ်းခြင်း၊ သဲကန္တရ နှင့် မိုးခေါင်ရေရှားမှု ဖြစ်ပေါ်မှုများကို ကာကွယ်ထိန်းသိမ်းခြင်းကို ဦးစားပေး၍ ဆောင်ရွက်ရန်တိုက်တွန်း နိုးဆော်ထားကြပါတယ်။ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပွဲကို ဆော်ဒီအာရေဗီယျ နိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည်ဖြစ်ပါသည်။
အမျိုးသားကန်တော်ကြီး ဥယျာဉ်(ပြင်ဦးလွင်) အနေဖြင့်လည်း ရေရှည်တည်တံ့သောပတ်ဝန်းကျင်ဖြစ်ပေါ်လာစေ ရန်အတွက် ရည်ရွယ်ပြီး ဥယျာဉ်အတွင်း မြေဆီလွှာများထိန်းသိမ်းခြင်း၊ သဘာဝတီကျစ်မြေဩဇာများ ထုတ်လုပ်ခြင်း သုတေသနလုပ်ငန်းများ၊ မြေအောက်ရေ ခမ်းခြောက်မှုမရှိစေရန် စနစ်တကျထိန်းသိမ်းခြင်း လုပ်ငန်းများကို တဖက်တလမ်းမှ အားသွန်ခွန်စိုက်ဆောင်ရွက်လျှက်ရှိကြောင်း အသိပေးရင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ (World Environment Day) ကို နှစ်စဉ်နှစ်တိုင်း ပါဝင်ဆင်နွှဲလျှက်ရှိပါသည်။
ထို့ကြောင့် အမျိုးသားကန်တော်ကြီး ဥယျာဉ်(ပြင်ဦးလွင်)သို့ လာရောက်လည်ပါတ်ရင်း ရေရှည်တည်တံ့သော သဘာဝပါတ်ဝန်းကျင် တည်ဆောက်ရာတွင် တစ်ဖက်တလမ်းမှနေ၍ ပါဝင်ကူညီဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။