ဘုန်းတော်ကြီးစာသင်ကျောင်းများ ၊ မိဘမဲ့ ပရဟိတကျောင်းများ ၊ မျက်မမြင်ကျောင်းများနှင့် အခြားသောပရဟိတ ကျောင်းများအတွက် အခမဲ့ဝင်ရောက်လေ့လာနိုင်ရန် စီစဉ်ပေးထားပြီး အခြားသော တက္ကသိုလ်များ ၊ စာသင်ကျောင်းများနှင့် အသင်းအဖွဲ့များအတွက် အထူးနှုန်းသတ်မှတ်ပေးထားပါသည်။ ကျောင်းပြင်ပလေ့လာရေးအနေဖြင့် လာရောက်လေ့လာလိုသော ကျောင်းများအနေဖြင့် (၁)ပတ်ကြိုတင်၍ သတ်မှတ်ပုံစံတွင်ဖြည့်စွက်ပြီးလျှော့ပေါ့သောနှုန်းထားများကိုရယူနိုင်ပါတယ်။ ကျောင်းအဖွဲ့များအနေဖြင့် ကြိုတင်၍အကြောင်းကြားလိုပါက BOOK a LEARNING ကိုနှိပ်ပြီး ဖောင်ဖြည့်လိုက်ပါ။ ဒါမှမဟုတ် ဖုန်းနံပါတ် ၀၉၅၀၄၈၂၀၁ သို့မဟုတ် education@nationalkandawgyigardens.com ကို အီးမေးလ်ပို့၍ လည်းဆက်သွယ်အကြောင်းကြားနိုင်ပါတယ်။
Internship Program, Volunteer Program,Research Program, များကို Htoo Zoos and Gardens Business Unit ပညာပေးဌာန၊ အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်) တို့နှင့် ဆက်သွယ်၍ လာရောက်လေ့လာနိုင်ပါတယ်။ တက္ကသိုလ်အသီးသီးမှ ဘွဲ့လွန်သုတေသနစာတမ်း၊ မဟာဘွဲ့အတွက် သိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းများအတွက်လည်း လိုအပ်သောအချက်အလက်များနှင့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးလျှက်ရှိသည့်အပြင် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများကိုလည်း ပြည်တွင်း/ပြည်မှ ပညာရှင်များ၊ ပြည်တွင်း/ ပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။
မြန်မာ့ရှားပါး တောရိုင်းတိရစ္ဆာန်များ မျိုးသုဉ်းပျောက်ကွယ်မှု မရှိစေရေးနှင့် ထိန်းသိမ်းရေး အထောက်အကူပြုရန် ရည်ရွယ်၍ မြန်မာနိုင်ငံမြောက်ဖျားပိုင်းမှ ရရှိခဲ့သော သားမင်းကို အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း အများပြည်သူ လေ့လာကြည့်ရှုနိုင်ရန် ထိန်းသိမ်းမွေးမြူ ပြသထားပါသည်။ မြန်မာနိုင်ငံ၏ အခြားမည်သည့် နေရာတွင်မှ ခြံလှောင်မွေးမြူပြသထားခြင်း မရှိပါ။ Goat-antelope နို့တိုက်သတ္တဝါဖြစ်သော သားမင်းများသည် ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ (၃၀၀၀) ကျော်မှ (၁၄၀၀၀) အကြားရှိ သစ်တောဖုံးလွှမ်းသော ချိုင့်ဝှမ်းများမှသည် မြက်ခင်းပြင်ပေါများသော အအေးပိုင်း ဒေသများအထိ နေထိုင်ကျက်စားကြပါသည်။ မြန်မာနိုင်ငံတွင် သားမင်းမျိုးစိတ်ကို အိန္ဒိယ၊ တရုတ်နိုင်ငံတို့နှင့် ထိစပ်နေသော...
Copyright 2018. All rights reserved.