ဝင်ကြေး လက်မှတ်နှုန်းထား သိလိုပါတယ်။
မြန်မာနိုင်ငံသားများအတွက် လူကြီး (၁၀၀၀) ၊ ကလေး (၅၀၀) ကျပ် ဖြစ်ပြီး၊ နိုင်ငံခြားဧည့်သည်များအတွက် လူကြီး (၅) ဒေါ်လာ၊ ကလေး (၃) ဒေါ်လာ ဖြစ်ပါတယ်။ နိုင်ငံခြား ဧည့်သည်များအနေဖြင့် အမေရိကန်ဒေါ်လာ အပြင် မြန်မာငွေဖြင့်လည်း နှုန်းသင့် ဝယ်ယူနိုင်ပါသည်။
ဥယျာဉ်ဝင်ကြေးလက်မှတ်ခတွင် အခြားအဖိုးအခများပါဝင်ပါသလား။
ပြည်တွင်း ဧည့်သည်များအတွက် အခြားအဖိုးအခများအား သက်ဆိုင်ရာနေရာအလိုက်တွင် ကောက်ခံပါသည်။ (ဥပမာ သစ်ခွဥယျာဉ် နှင့် လိပ်ပြာပြတိုက်၊ နန်းမြင့်မျှော်စဉ်၊ Buggy ငှားရမ်းခြင်း) နိုင်ငံခြား ဧည့်သည်များသည် Buggy ကား ငှားရမ်းခြင်းမှလွဲ၍ လက်မှတ်တွင် အားလုံး အကျုံးဝင်ပါသည်။
ဥယျာဉ်ထဲမှာအနားယူရင်စားသောက်လို့ရမည် နေရာရှိပါသလား။
ဥယျာဉ်အတွင်း ဖွင့်လှစ်ထားသည့် ခေတ်မီလှပသော Bamboo Café& Restaurant တွင် ရှုခင်းအလှများ ကြည့်ရှုခံစားရင်း အပန်းဖြေ သုံးဆောင်နိုင်ပါသည်။ ထို့အပြင် ပါရှိလာသော အစားသောက်များကိုလည်း Public area များ၌ စုဖွဲ့၍ အနားယူ သုံးဆောင်နိုင်ပါသည်။ မေတ္တာရပ်ခံလိုသည်မှာ စွန့်ပစ်အမှိုက်များကို အမှိုက်ပုံးများ အတွင်းသို့ စွန့်ပစ်ပေးပါရန် နှင့် ဆေးလိပ်မီးခိုးငွေ့ကင်းစင်သောဥယျာဉ် ဖြစ်သဖြင့် သတ်မှတ်နေရာများတွင်သာ ဆေးလိပ်သောက်ကြရန် ဖြစ်ပါသည်။
ဘီးတပ်ကုလားထိုင်ဖြင့် ဝင်လိုရသော ဝင်ပေါက်ရှိပါသလား။
ဥယျာဉ်အတွင်း Car parking အထိ ကားဖြင့် ဝင်လို့ရပါတယ်။ ထိုမှ ဘီးတပ် ကုလားထိုင်ဖြင့် ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုနိုင်ပါသည်။
အခြားကုမ္ပဏီ အဖွဲ့အစည်းများ၊ အစိုးရစာသင်ကျောင်းများ၊ ပရဟိတစာသင်ကျောင်းများ၊ မျက်မမြင် ကျောင်းများ စသဖြင့် အုပ်စုလိုက်ဝင်ချင်ပါက မည်သို့ဆောင်ရွက်ရမည်နည်း။
ဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်၍ သတ်မှတ်ချက်များအတိုင်း ဝင်းကြေးလျှော့ပေါ့ခံစားခွင့်၊ အခမဲ့ ဝင်ရောက်ခွင့်တို့ကို ရရှိနိုင်ပါသည်။
အပျော်စီးယာဉ် (Buggy) အတွက် Booking ကြိုလုပ်ရန်လိုပါသလား။
မလိုအပ်ပါဘူး၊ ဥယျာဉ်သို့ရောက်မှသာ ငှားစီးနိုင်ပါတယ်။ သို့သော် ဧည့်သည်များသော နေ့ရက်များတွင် အလှည့်ကျ စောင့်ဆိုင်းရနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
ဥယျာဉ်အနီးအနားမှာဘာစိတ်ဝင်စားစရာနေရာတွေရှိပါသလဲ။
ဥယျာဉ်နှင့် လမ်းတစ်ခုသာခြားသော နေရာတွင် သာယာလှပသည့် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ကို လည်ပတ်နိုင်မှာ ဖြစ်သလို ဥယျာဉ်နှင့် အလှမ်းမဝေးသည့် နေရာများရှိ ထင်းရှူးစိုက်ခင်း၊ ကော်ဖီစိုက်ခင်းများ၊ စပျစ်ခြံများသို့လည်း သွားရောက်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။
ဥယျာဉ် ဖွင့်ချိန်/ ပိတ်ချိန် ပြောပေးပါ။
နံနက် (၈းဝ၀) နာရီမှ ညနေ (၆းဝ၀) နာရီ အထိ ဖြစ်ပါတယ်။ လိပ်ပြာပြတိုက်၊ သစ်ခွဥယျာဉ်၊ ငှက်ဥယျာဉ်၊ ကျောက်ဖြစ်ရုပ်ကျွင်းပြတိုက်နှင့် နန်းမြင့်မျှော်စင်တို့သို့ လည်ပတ်ခြင်းနှင့် Buggy ကား ဝန်ဆောင်မှုတို့အား ညနေ (၅းဝ၀) နာရီတွင် ရပ်နားပါသည်။
ဥယျာဉ်အတွင်း အလှဓါတ်ပုံ ရိုက်ကူးခြင်း နှင့် Pre-wedding ရိုက်ကူးခြင်း ဝန်ဆောင်မှု ရှိပါသလား။
ရှိပါတယ်။ ပြင်ဦးလွင်၏ လူကြိုက်များသော ချယ်ရီဓါတ်ပုံတိုက်မှ ဝန်ဆောင်မှု ပေးပါသည်။
မြို့တွင်းမှ ဥယျာဉ်သို့ မည်သည့်နည်းလမ်းဖြင့် လာရောက်နိုင်ပါသလဲ။
မြို့တွင်းမှ မြင်းလှည်း၊ အငှားဆိုင်ကယ်တို့ဖြင့် လာရောက်နိုင်ပါတယ်။ မြို့လယ် နာရီစင်မှ မော်တော်ယာဉ်ဖြင့် ဆိုပါက (၅) မိနစ်ခန့်သာ ကြာမြင့်နိုင်ပါတယ်။
ပန်းပွဲတော်က ဘယ်အချိန်မှာ ကျင်းပတာလဲ။
နှစ်စဉ် ပန်းပွဲတော်ကို ဒီဇင်ဘာလ နှင့် ဇန်နဝါရီလတို့အတွင်း ရက် (၃၀) ခန့် ကျင်းပလေ့ရှိပါတယ်။ ကျင်းပမည့် နေ့ရက် အတိအကျကို ကြိုတင် အသိပေးကြေညာပါတယ်။
ဥယျာဉ်အတွင်း ကလေးများအတွက် ကစားကွင်း ရှိပါသလား။
ရှိပါတယ်။ ဥယျာဉ်အတွင်း Car parking အနီး ခေတ်မီကလေးကစားကွင်းကို ဖွင့်လှစ်ထားပါတယ်။
ကန်တော်ကြီးကန်အတွင်း ငါးများကို အစာကျွေးလို့ ရပါသလား။
ရပါတယ်။ ကန်အတွင်း ဖြတ်သန်းတည်ဆောက်ထားသော တံတားပေါ်မှ ငါးများကို အစာကျွေးနိုင်ပါတယ်။ ငါးစာ ပေါင်မုန့်ကိုလည်း အလွယ်တကူ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
ပန်းအမျိုးအစားများမှာ အမြဲတမ်း အတူတူပဲ စိုက်ပျိုးပြသတာလား။
မဟုတ်ပါဘူး။ နွေး၊ မိုး၊ ဆောင်း ရာသီအလိုက် အမျိုးအစားကွဲပြားပါတယ်။ ပန်းပွဲတော်ကာလတွင်မူ သုံးရာသီ ပန်းများ စုံလင်စွာ စိုက်ပျိုးပြသပါတယ်။
အပင်၊ သတ္တဝါ မျိုးစိတ်များနှင့်ပတ်သက်ပြီး သုတေသနပြု လေ့လာလို့ ရပါသလား။
ရပါတယ်။ တက္ကသိုလ်များမှ မဟာဘွဲ့၊ ပါရဂူဘွဲ့ ကျမ်းပြုစုသူများ လာရောက်လေ့လာသုတေသနပြုကြပြီး မဟာဘွဲ့၊ ပါရဂူဘွဲ့ ရရှိသွားသူ အများအပြားရှိပါတယ်။ ဝါသနာအရ လာရောက်လေ့လာသူများ၊ School program များ အတွက်လည်း လိုအပ်သော ကူညီမှုများ ဆောင်ရွက်ပေးပါတယ်။
Copyright 2018. All rights reserved.