ပန်းမာလ်များ – Kandawgyi Gardens

ပန်းမာလ်များ

ဆောင်းကာလတွင် ဖူးပွင့်သောပန်းများ

အေးချမ်းလှတဲ့ ဆောင်းရာသီတွင် ဆောင်းနှင်းများရဲ့ အအေးဒဏ်ကို အံတုလျက် ကျားပါးစပ် (Antirrhinum)၊ ဒေါနပန်း (Angelonia)၊ ပန်းဂေါ်ဖီ (Cabbage)၊ ဂန္ဓမာပု (Cineraria)၊ ဆောင်းနှင်းဖြူ၊ ဆောင်းနှင်းဝါ (Chrysanthemum)၊ ပန်းလက်စွပ် (Digitalis)၊ ဇော်မွှား (Dianthus)၊ ပင်စိမ်းပြာ (Blue Salvia)၊ အနုမြူရွက်လှ (Dusty Miller)၊ ဒေါင်းမြီးကွက် (Pansy/ Viola)၊ နှဲပန်း (Petunia)၊ သရက်ထည် (Phlox) အစရှိတဲ့ ဆောင်းပန်းအလှများ အပါအဝင် ပန်းပွဲတော်ကျင်းပတဲ့ ကာလလည်း ဖြစ်တာကြောင့် နွေပန်း၊ မိုးပန်း စုစုပေါင်း မျိုးကွဲ (၃၀) ကျော်ကို ဧည့်သည်များ အနေဖြင့် တစ်နေရာတည်း တွေ့မြင်ခံစားနိုင်မှာ ဖြစ်ပါတယ်။

img_2                                
img_2                                
img_2                                
img_2                                
img_2                                
img_2                                
img_2                                
img_2                                
img_2                                
img_2                                
img_2                                
img_2                                
img_2                                
img_2                                

မိုးရာသီကာလတွင် ဖူးပွင့်သောပန်းများ

ဝသုန်မိုးကာလတွင်မူ ပင်စိမ်းနီ၊ ပင်စိမ်းပြာ (Salvia)၊ ဒေလီယာ (Dehlia)၊ ချစ်တီး (Marigold)၊ ကြက်မောက် (Celosia)၊ မော်လမြိုင် (Cosmos)၊ ပင့်ကူ (Cleome) အစရှိသည့် ပန်းမျိုးကွဲ (၁၅) မျိုးခန့်ကို မိုးတိမ် မိုးရိပ်အောက်တွင် ဝေဆာလန်းဆန်းစွာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

နွေရာသီကာလတွင် ဖူးပွင့်သောပန်းများ

နွေရာသီကာလတွင် လာရောက်လည်ပတ်မည်ဆိုပါက ကျောက်ချဉ်ပန်း (Begonia)၊ ကြွေပန်း (Geranium)၊ ပန်းချဉ်ပေါင် (Holly hock) ၊ တိုးနယား (Torenia)၊ ဂျပန်ဒန်းပန်း (Impatiens)၊ ထပ်တရာပန်း (Zinnia)၊ ပဲပန်း (Sweet Peas) အစရှိသည့် အလှပန်းမျိုးကွဲ (၂၀) ခန့်ကို တွေ့ရှိခံစားနိုင်မှာ ဖြစ်ပါတယ်။ နွေပန်းများကို ဆောင်းရာသီတွင်လည်းကောင်း၊ ဆောင်းပန်းအချို့ကိုလည်း နွေရာသီတွင်လည်းကောင်း တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

အချိန်အခါအလိုက် ဖူးပွင့်ကြသည့်ပန်းများ

သဘာဝအတိုင်း တည်ရှိပြီး အချိန်အခါအလိုက် ပန်းများ ဖူးပွင့်ကြတဲ့ ချယ်ရီ (Pyrunus cerasoides)၊ ခတ္တာ (Lily of the Nile and Day Lily)၊ ပန်းအိ (Lagerstroemia idica)၊ ခိုင်ရွှေဝါ (Mohonia nepalensis)၊ သော်ကမာလာ (Castanosperma austral)၊ ပျဉ်းမ (Lagerstroemia speciosa)၊ သလပ် (Bauhinia variegoda)၊ စိန်ပန်းနီ (Delonix regia)၊ စိန်ပန်းပြာ (Jacaranda acutifolia)၊ တတိုင်းမွှေး (Magnolia grandiflora)၊ သစ်ပကန် (Millettia brandisiana)၊ မိုးမခ (Salix tetrasperma) အစရှိသည် အပင်များမှာလည်း သဘာဝချစ်မြတ်နိုးသူများကို ဆွဲဆောင်နိုင်တဲ့ အလှများ ဖြစ်ပါတယ်။

Copyright 2018, Htoo Zoos and Gardens Business Unit. All rights reserved.