News – Kandawgyi Gardens
  • News

News (1)

Due to the pandemic of COVID-19, the National Kandawgyi Gardens was closed temporarily from 26 March 2020 in order to control current outbreaks of such epidemic disease. Notwithstanding the garden being closed, conservation and greening processes of the garden are continuously running as usual. Further notice on reopening of the garden will be announced to the public as soon as granted from authorities concerned. Kindly be shared that the garden keeps their tireless effort on successive progress for their visitors not...

News (2)

Despite the garden being closed due to the current pandemic, National Kandawgyi Gardens is keeping her fascinating landscapes with colourful flowers at any season. Since the winter falls, its seasonal varieties are placed in the beds of the garden as well. Keep following to the Facebook page www.facebook.com/nationalkandawgyigardens for breath-taking and delightful sceneries of the garden. Moreover, the gorgeous event of the flower festival is used to celebrating in December when Cherry is blooming simultaneously. Facebook will also bring a trip down memory lane to flash...

Private Tour Package

For those who want to take a break from feel stifling, we would like to introuced a Private Tour Package that plan according to the social distancing guide lines. We allow 5 persons a group and only 30 groups per day.For your more informations and details please directly call us. In Private Tour Package: 🎟 Entrance Ticket 🛺 Free Buggy Service 🏡 Free Pass to Butterfly Museum 🌱 Free Pass to Orchid Garden 🕊️ Free Pass to Aviary 💸 Price...

Let's Enjoy on your Holiday!

Happy Weekend Everyone! Have a blessed and lovely weekend. We,Kandawgyi would like to give an update news for those who is planning to visit on the leisure time. Let's meet at our new Playground. Include indoor game for kids  and other interesting games for teenagers.

Let's go Picnic!

Lets go picnic ! Four Person allow per Picnic Package: Lavender Package (50000 MMK) Orchid Package (40000 MMK) Classic Package (40000 MMK) Deluxe Package (70000 MMK) ✅ What's included in Lavender Package (50000 Ks) ... ? * Lavender Menu * Picnic Basket * Picnic Mat ✅ What's included in Orchid Package (40000 Ks) ... ? * Orchid Menu * Picnic Basket * Picnic Mat ✅ What's included in Classic Package (40000 Ks) ... ? * Classic Menu * Picnic Basket...

ADORE" Valentine's Flower Festival

ADORE" Valentine's Flower Festival will be held from February 10th to 16th at National Kandawgyi Gardens. Stay tuned for more programs in coming days!

ရောင်စုံပန်းများ ဖူးပွင့်သော အေးချမ်းတဲ့ ဆောင်းရာသီကာလကို ရောက်ရှိလို့လာပါပြီ

ရောင်စုံပန်းများ ဖူးပွင့်သော အေးချမ်းတဲ့ ဆောင်းရာသီကာလကို ရောက်ရှိလို့လာပါပြီ...... နှစ်စဉ်ကျင်းပနေကျ ဖြစ်တဲ့ အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)၏ (၁၄) ကြိမ်မြောက် ပန်းပွဲတော် အမှတ်တရ ပုံရိပ်များကို ပြန်လည် ကြည့်ရှုခံစားရင်း ပန်းပွဲတော် အမှတ်တရများကို မျှဝေခံစားကြရအောင်နော်......

တန်ဆောင်မုန်းလပြည့်နေ(သာမညဖလ အခါတော်နေ့)

အေးချမ်းလှတဲ့ အခါသမဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေမှာ မြန်မာပြည်သူအပေါင်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများ နှင့်ပြည့်စုံပြီး ပျော်ရွှင်အေးချမ်းကြပါစေဟု အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်) မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်.....

အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်) မိသားစု နှင့်အတူ မျှဝေခံစားပေးဖို့ ဖိတ်ခေါ်လိုက်ပါရစေ..... 

အရောင်အသွေးစုံပန်းများ လှပဝေဆာစွာ ဖူးဖွင့်နေသော ဆောင်းဦးရာသီ အခါသမယတွင် နှစ်စဉ်ကျင်းပနေကျ ဖြစ်တဲ့ အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)၏ (၁၅) ကြိမ်မြောက် ပန်းပွဲတော်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ မှာ ကျင်းပခဲ့ပါတယ်။ ဘဝအမောတွေကို ခေတ္တခဏ ပြေပျောက်စေခဲ့တဲ့ မှတ်တမ်းပုံရိပ်လေးတွေကို ပြန်လည်အမှတ်ရစေဖို့ ဖော်ပြပေးလိုက်ပါတယ်နော်..... ပျော်ရွှင်ကြည်နူးစရာ ပုံရိပ်များကိုလည်း အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်) မိသားစု နှင့်အတူ မျှဝေခံစားပေးဖို့ ဖိတ်ခေါ်လိုက်ပါရစေ.....

🇲🇲 အမျိုးသားနေ့ ဒို့မမေ့ 🇲🇲

🇲🇲 အမျိုးသားနေ့ ဒို့မမေ့ 🇲🇲   🎉 𝐇𝐚𝐩𝐩𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲 🎉   ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ၊ ၇ရက်နေ့၊ ကြာသပတေးနေ့ တွင် ကျရောက်သော (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား ဂုဏ်ပြုကြိုဆိုရင်း မြန်မာနိုင်ငံသား/သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများပြီးပြည့်စုံ၍ တောင်းဆုလိုရာအဝဝပြီးပြည့်စုံပါစေကြောင်း အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်) မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်…

"လာအတူဆင်နွှဲ ဈေးပွဲတော်နှင့်ကုန်စည်ပြပွဲ"

"လာအတူဆင်နွှဲ ဈေးပွဲတော်နှင့်ကုန်စည်ပြပွဲ"   အမျိုးသားကန်တော်ကြီးဥယျာဥ်ရဲ့ "Flower Dreamland" (၁၆)ကြိမ်မြောက် ပန်းပွဲတော်ကြီးရှိ စျေးပွဲတော် Bazaar နဲ့ May Myo Product Exhibition ဒေသထွက်ကုန်စည်ပြပွဲများတွင် ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချလိုသူများအတွက် သတင်းကောင်းလေး ပါးလိုက်ပါရစေ.. 🤗🤗🤗   စျေးပွဲတော်နဲ့ကုန်စည်ပြပွဲကာလမှာ ဒီဇင်ဘာ (၁၆) ရက်နေ့မှ ဇန်နဝါရီ (၁၄) ရက်နေ့အထိ ပန်းပွဲတော်ကာလ နေ့ရက်များအတိုင်း ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး Bazaar booth (ဆိုင်ခန်း -၃၂) ၊ Exhibition booth (ပြခန်း - ၂၀) ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။   ဒေသထုတ်ကုန်၊ စားသောက်ကုန် နဲ့ လူသုံးကုန်ပစ္စည်းများ လာရောက်ပြသရောင်းချနိုင်မှာဖြစ်ပြီး မျက်လှည့်နဲ့ဆပ်ကပ်ပြပွဲနဲ့အတူ ဖျော်ဖြေရေးအစီအစဥ်များလည်း ပါဝင်မှာဖြစ်ပါတယ်။   ယခုနှစ်ပန်းပွဲတော်တွင် ရင်သပ်ရှုမောဖွယ်ရာ အိပ်မက်ဆန်ဆန်လှပတဲ့ ပန်းပြကွက်များကြားမှာ ဒေသအသီးသီးက လာရောက်လည်ပတ်ကြမယ့် ဧည့်သည်တွေနဲ့အတူ မိမိတို့ထုတ်ကုန်တွေကို ဂုဏ်ယူစွာ ပြသနိုင်မယ့်၊ ရောင်းချနိုင်မယ့် အခွင့်အရေးမို့ အမြန်ဆုံးဆက်သွယ်‌လိုက်တော့နော် 🤗🤗🤗   ဆက်သွယ်စုံစမ်းရန် - 095048201, 0925973773

“ခံစားနားဆင် အိပ်မက်သံစဉ်”

“ခံစားနားဆင် အိပ်မက်သံစဉ်” အိပ်မက်ဆန်ဆန် ပန်းအလှပြကွက်များကြား မြူးကြွသံစဉ်များကို ခံစားနားဆင်မယ့် ပန်းချစ်သူများအတွက် ဒီဇင်ဘာလ ၁၇ရက် “Flower Dreamland” Flower Festival ဖွင့်‌ပွဲနေ့ ညနေပိုင်းအစီအစဉ်များကိုတော့ Bazaar Stageမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌နိုင်ငံကျော်တေးသံရှင် ချယ်ရီသင်း၊ လှိုင်းလေးနှင့် လင်းဦးမေ စတဲ့ နာမည်ကြီးတေးသံရှင်များနှင့် DJ Aivree ပါဝင်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ မြူးကြွတဲ့သီချင်းလေးတွေ နားဆင်ရင်း ပန်းမျိုးစုံအလှ၊ ရေကန်အလှများကို ကြည့်ရှုခံစားချင်တယ်ဆိုရင်တော့ “Flower Dreamland” Flower Festival ကျင်းပရာ အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်) သို့ လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ 🤗🤗🤗 နေ့ရက်။ ။ ၁၇/၁၂/၂၀၂၃ အချိန်။ ။ နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီအထိ နေရာ။ ။ အမျိုးသားကန်တော်ကြီးဥယျာဉ်

“Flower Dreamland Flower Festival”

အမျိုးသားကန်တော်ကြီး(ပြင်ဦးလွင်)တွင် ဒီဇင်ဘာလ ၁၆ရက်နေ့မှ ဇန်နဝါရီလ ၁၄ရက်နေ့အထိ ကျင်းပသွားမယ့် “Flower Dreamland Flower Festival” ပွဲတော်ကြီးမှာ ပန်းမျိုးစိတ်ပေါင်းများစွာကို ပြကွက်များဖြင့် လှပစွာပြသထားလျက်ရှိပါတယ်။ လာရောက်လည်ပတ်သောဧည့်သည်များ အပန်းဖြေနိုင်ရန် နေ့စဉ်ဖျော်ဖြေရေးအစီအစဉ်များကိုလည်း ထည့်သွင်းထားပြီး ဈေးပွဲတော်နှင့် ကုန်စည်ပြပွဲလည်း ပါဝင်ပါတယ်။ ဆောင်းတွင်းအေးအေး မြူခိုးဖွေးဖွေး အကြား အိပ်မက်ဆန်ဆန် ဆန်းပြားလှပတဲ့ ပန်းကလေးတွေကို ကြည့်ရှုခံစားရင်း တေးသီချင်းလေးတွေနားထောင်မယ့် တေးချစ်သူ သီချင်းချစ်သူများကို လှမ်းလာဖို့ ဖိတ်ခေါ်လိုက်ပါရစေ 🤗🤗🤗

ယခုနှစ် ပန်းပွဲတော်ရဲ့ အဓိကပြကွက်များမှာ လီလီပန်းပြကွက်နှင့် သစ်ခွဥယျာဉ်ဆိုတာသိပြီးပြီလား 🤔

ယခုနှစ် ပန်းပွဲတော်ရဲ့ အဓိကပြကွက်များမှာ လီလီပန်းပြကွက်နှင့် သစ်ခွဥယျာဉ်ဆိုတာသိပြီးပြီလား 🤔 အမျိုးသားကန်တော်ကြီး(ပြင်ဦးလွင်)တွင် ဒီဇင်ဘာလ ၁၆ရက်နေ့မှ ဇန်နဝါရီလ ၁၄ရက်နေ့အထိ ကျင်းပသွားမယ့် “Flower Dreamland Flower Festival” ပွဲတော်ကြီးမှာ ပန်းမျိုးစိတ်ပေါင်းများစွာကို ပြကွက်များဖြင့် လှပစွာပြသထားလျက်ရှိပါတယ်။ လာရောက်လည်ပတ်သောဧည့်သည်များ အပန်းဖြေနိုင်ရန် နေ့စဉ်ဖျော်ဖြေရေးအစီအစဉ်များကိုလည်း ထည့်သွင်းထားပြီး ဈေးပွဲတော်နှင့် ကုန်စည်ပြပွဲလည်း ပါဝင်ပါတယ်။ အိပ်မက်ဆန်ဆန် ဆန်းပြားလှပတဲ့ သစ်ခွမျိုးစိတ်များကို တစ်နေရာတည်းမှာ ကြည့်ရှုခံစားနိုင်မယ့် သစ်ခွဥယျာဉ်ရှိတဲ့ အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်) ၏ ၁၆ ကြိမ်မြောက် ပန်းပွဲတော်သို့ လာရောက်လည်ပတ်ပြီး ပန်းအလှ၊ သစ်ပင်အလှနှင့် ရှုခင်းအလှများကို ကြည့်ရှုခံစားရင်း တေးသီချင်း‌လေးတွေ ခံစားနားဆင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် 🤗🤗🤗

🎵🎵“ခံစားနားဆင် အိပ်မက်သံစဉ်”🎶🎶

🎵🎵“ခံစားနားဆင် အိပ်မက်သံစဉ်”🎶🎶 အိပ်မက်ဆန်ဆန် ပန်းအလှပြကွက်များကြား မြူးကြွသံစဉ်များကို ခံစားနားဆင်မယ့် ပန်းချစ်သူများအတွက် “Flower Dreamland” Flower Festival မှာ 🎤ဒီဇင်ဘာလ ၂၃ ရက်နေ့ တွင် နိုင်ငံကျော်တေးသံရှင် အုပ်စိုးခန့်၊ 🎤ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် နိုင်ငံကျော်ရုပ်ရှင်မင်းသား အဆိုတော် မိုးအောင်ရင်၊ 🎤ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် တေးသံရှင် မာရီကိုးလ်၊ ပိုးဖြူဖြူ၊ MC Simon ၊ Dj King Kong ၊ Dj Y Wine အပါအဝင် အခြားနာမည်‌ကျော်တေးသံရှင်များစွာ ပါဝင်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ မြူးကြွတဲ့သီချင်းလေးတွေ နားဆင်ရင်း ပန်းမျိုးစုံအလှ၊ မြေယာရှုခင်းအလှများကို ကြည့်ရှုခံစားချင်တယ်ဆိုရင်တော့ အိပ်မက်သံစဉ်တွေရှိတဲ့ “Flower Dreamland” Flower Festival ကျင်းပရာ အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်) သို့ လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ 🤗🤗🤗

🎄✨𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬✨🎄

🎄✨𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬✨🎄 𝐌𝐚𝐲 𝐭𝐡𝐢𝐬 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐛𝐞 𝐟𝐢𝐥𝐥𝐞𝐝 𝐰𝐢𝐭𝐡 𝐡𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬 𝐢𝐧 𝐚𝐥𝐥 𝐭𝐡𝐚𝐭 𝐲𝐨𝐮 𝐝𝐨 𝐚𝐧𝐝 𝐦𝐚𝐲 𝐭𝐡𝐢𝐬 𝐣𝐨𝐲 𝐜𝐨𝐧𝐭𝐢𝐧𝐮𝐞 𝐭𝐡𝐞 𝐰𝐡𝐨𝐥𝐞 𝐲𝐞𝐚𝐫 𝐭𝐡𝐨𝐮𝐠𝐡. 𝐖𝐢𝐬𝐡𝐢𝐧𝐠 𝐲𝐨𝐮 𝐚 𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐚𝐧𝐝 𝐚 𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫.🎇🎉🎆

🎉🎆New Year’s Eve Party🎆🎉

🎉🎆New Year’s Eve Party🎆🎉 (30.12.2023)တွင် သရုပ်ဆောင် အေးချမ်းမောင်နဲ့အတူ MC Simon, DJ Y Wine, DJ King Kong တို့က ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပြီး 🎇🎉New Year🎉🎇 (31.12.2023) Color Festivalတွင် PURPLE, JOELY, BARNI, DIARY နဲ့ ACE တို့က ဖျော်ဖြေပေးသွားမှာဖြစ်လို့ လာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။🤗🤗🤗

Happy New Year

နှစ်ဟောင်းကုန်မြောက် နှစ်သစ်ရောက်သည့် နှစ်သစ်ကူးအခါသမယမှစ၍ မြန်မာ ပြည်သူပြည်သားတို့ အပေါင်းတို့ ဘေးဘယာဝေးကွာပြီး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများနှင့် ပြည့်စုံပြီး ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝ ပါစေကြောင်း အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်) မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။🤗

𝟒.𝟏.𝟐𝟎𝟐𝟒 မှာ 🎤🎶

𝟒.𝟏.𝟐𝟎𝟐𝟒 မှာ 🎤🎶တေးသံရှင် အိုင်းရင်းဇင်မာမြင့်၊ ခွန်းဝတီပြည့်၊ 𝐒𝐰𝐞𝐞𝐭𝐲 တို့နဲ့အတူ တေးသံရှင်များစွာရဲ့🎶🎤 သီဆိုဖျော်ဖြေမှုတွေ ပါဝင်မှာဖြစ်လို့ အတူပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်…🤗🤗🤗

🇲🇲 Myanmar Independence Day 🇲🇲

🇲🇲 Myanmar Independence Day 🇲🇲 ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုပါသည်။

(11.1.2024) ကရင်နှစ်သစ်ကူးနေ့

(11.1.2024) ကရင်နှစ်သစ်ကူးနေ့မှာ ဖျော်ဖြေတင်ဆက်ပေးသွားမှာကတော့ တေးသံရှင် 𝐘𝐚𝐰 𝐘𝐚𝐳𝐭, 𝐌𝐢𝐧 𝐓𝐡𝐚𝐧𝐭 နဲ့ 𝐄𝐅lတို့ဖြစ်လို့ လာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်…။

Happy Chinese New Year

🎊🐲Wish Everyone have happiness, prosperity and good health in this Year of Dragon....🐉🎉

🎶🎶“လာပါနားဆင် မြူးကြွသံစဉ်”🎵🎵

🎶🎶“လာပါနားဆင် မြူးကြွသံစဉ်”🎵🎵 ဖေဖော်ဝါရီလ ၁၂ရက်နေ့ (ပြည်ထောင်စုနေ့) တွင် အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်) မှာသံစဉ်များနှင့် ဖျော်ဖြေသွားမယ်ဆိုတာ သိပြီးကြပြီလား?🤔🤔 ဖေဖော်ဝါရီလ ၁၂ရက်နေ့ (ပြည်ထောင်စုနေ့) တွင်အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်) ကို လာရောက်‌အပန်းဖြေကြတဲ့ ဧည့်သည်တော်များအတွက် သံစဉ်များနဲ့ ခံစားအနားယူအပန်းဖြေနိုင်ဖို့ တေးသံရှင်များနှင့် Music Band များက သီဆိုဖျော်ဖြေတီးခတ်သွားမှာဖြစ်ပါတယ်။🎶🎶 အားလပ်ရက်မှာ အနားယူအပန်းဖြေရင်း သံစဉ်လေးတွေ ခံစားနားဆင်ဖို့ အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်) ကို လာရောက်ဖို့ လှိုက်လှဲစွာ ဖိတ်ခေါ်လိုက်ပါတယ်🤗🤗

Valentine's Day မှာ အထူးအစီအစဉ်တစ်ခုရှိတာ သိပြီးကြပြီလား 🤔🎁

Valentine's Day မှာ အထူးအစီအစဉ်တစ်ခုရှိတာ သိပြီးကြပြီလား 🤔🎁 အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်) ကို လာရောက်အနားယူအပန်းဖြေခဲ့ဖူးကြသော ဧည့်သည်တော်များ၏ ဥယျာဉ်အတွင်းရိုက်ကူးခဲ့သော စုံတွဲ‌ဓာတ်ပုံများကို ယခု Post အောက်မှာ comment မန့်ပြီး ၎င်း Photo comment များထဲမှ reaction အများဆုံးရရှိသော ကံထူးရှင် စုံတွဲ(၅)တွဲကို ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှာ ရွေးချယ်သွားမှာဖြစ်ပါတယ်။💬🥳 ကံထူးရှင်စုံတွဲ (၅)တွဲကို ဥယျာဉ်ဝင်ကြေးကင်းလွတ်ခွင့်၊ လက်ဆောင်ပစ္စည်းများနှင့်အတူ Kandawgyi Hill Resort မှာ Coffee and Snacks တည်ခင်းဧည့်ခံသွားမှာဖြစ်တဲ့အတွက် Facebook Campaign လေးမှာ ပါဝင်ရင်း Valentine's day မှာ ချစ်ရသူနဲ့ လာရောက်အနားယူအပန်းဖြေနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

🇲🇲 ပြည်ထောင်စုနေ့ 🇲🇲

🇲🇲 ပြည်ထောင်စုနေ့ 🇲🇲 ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်သော (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အား လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

ဆောင်းဦးမှာဝေ ပန်းသက်ရှည် 

ဆောင်းဦးမှာဝေ ပန်းသက်ရှည်   Cymbidium Orchids (ပန်းသက်ရှည်)   ဆောင်းဦးရာသီမှာ လှပစွာ ပွင့်ဖူးတဲ့ Cymbidium Orchids (ပန်းသက်ရှည်) ရဲ့ မြန်မာမျိုးရင်းနဲ့ ပြည်ပမျိုးရင်းတွေကို အမျိုးသားကန်တော်ကြီးဥယျာဉ် Orchid Garden မှာ လှပဝေဆာစွာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။   မြန်မာနိုင်ငံမှာ ပန်းသက်ရှည်မျိုးစိတ် များစွာရှိပါတယ်။ မျိုးစိတ်အရေအတွက်ကို အတိအကျ မသိရပေမယ် (၁၅)မျိုးခန့် ရှိနေသည်ကိုတော့ တွေ့ရပါတယ်။ များသောအားဖြင့် ပန်းသက်ရှည်မျိုးတို့ဟာ အအေးပိုင်းဒေသတွေကိုသာ နှစ်သက်ကြတာ ဖြစ်ပါတယ်။ မြန်မာမျိုးရင်းတွေကတော့ အမျိုးအစားအလိုက် သစ်ပင်ကြီးတွေပေါ်မှာ အအုံအဖွဲ့နဲ့ ပေါက်တတ်ပြီး ကျောက်ဆောင်တွေနဲ့ မြေပေါ်မှာလည်း ပေါက်တတ်ပါတယ်။ ပန်းပွင့်လေးတွေဟာ အရောင်သွေးလှပတဲ့အတွက် ပြည်ပတိုင်းပြည်များမှာ မျိုးစပ်ယူခြင်းဖြင့် အမျိုးအစားသစ်များစွာ ပေါ်ထွက်လာတာကိုလည်း တွေ့ရပါတယ်။   Cymbidium Orchid တွေဟာ အလင်းရောင်များများရတဲ့နေရာကို ပိုနှစ်သက်ကြပါတယ်။ လေဝင်လေထွက်ကောင်းတဲ့နေရာမှာထားဖို့၊ စိုက်ပျိုးဖို့ လိုအပ်ပြီး မျိုးပွါးဖို့ လွယ်ကူတဲ့ပန်းပင်တစ်မျိုးလည်း ဖြစ်ပါတယ်။   အရောင်သွေးလှပတဲ့ ပန်းသက်ရှည်လေးတွေကို လာရောက်ကြည့်ရှုဖို့ သစ်ခွချစ်သူလေးတွေကို ဖိတ်ခေါ်လိုက်ပါတယ်နော်…

💐𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐅𝐥𝐨𝐫𝐚𝐥 𝐃𝐞𝐬𝐢𝐠𝐧 𝐃𝐚𝐲💐

💐𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐅𝐥𝐨𝐫𝐚𝐥 𝐃𝐞𝐬𝐢𝐠𝐧 𝐃𝐚𝐲💐   ပန်းတစ်ပွင့်တိုင်းစီမှာ အလှကိုယ်စီရှိကြပြီး မတူညီတဲ့အလှတွေ ပေါင်းစပ်လိုက်တဲ့အခါမှာ ပိုမိုပြည့်စုံတဲ့အလှကို တွေ့မြင်ခံစားရပါတယ်။ ယနေ့ ဖေဖော်ဝါရီ (၂၈)ရက်က “အမျိုးသား ပန်းဒီဇိုင်းနေ့” ဖြစ်ပါတယ်။ 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐅𝐥𝐨𝐫𝐚𝐥 𝐃𝐞𝐬𝐢𝐠𝐧 𝐃𝐚𝐲 ကို လွန်ခဲ့တဲ့ နှစ်(၆၀)ကျော်က 𝘉𝘰𝘴𝘵𝘰𝘯 ရှိ 𝘙𝘪𝘵𝘵𝘯𝘦𝘳𝘴 𝘚𝘤𝘩𝘰𝘰𝘭 𝘰𝘧 𝘍𝘭𝘰𝘳𝘢𝘭 𝘋𝘦𝘴𝘪𝘨𝘯 ကို တည်ထောင်သူ 𝘊𝘢𝘳𝘭 𝘙𝘪𝘵𝘵𝘯𝘦𝘳 ဟာ ပန်းအနုပညာကို ရှေ့ဆောင်ခဲ့သူ ဖြစ်ပါတယ်။ 𝘙𝘪𝘵𝘵𝘯𝘦𝘳𝘴 က လူတွေဟာ အနုပညာပုံစံအဖြစ် ပန်းဒီဇိုင်းကိုဂုဏ်ပြုတဲ့ အားလပ်ရက်တစ်ခုရဲ့ စိတ်ကူးသည် အံ့ဖွယ်အချိန်ရောက်နေပြီဟု ခံစားမိပါတယ်။ ဒါကြောင့် သူတို့က 𝘔𝘳. 𝘙𝘪𝘵𝘵𝘯𝘦𝘳 နဲ့အတူ 𝐅𝐥𝐨𝐫𝐚𝐥 𝐃𝐞𝐬𝐢𝐠𝐧 𝐃𝐚𝐲 ကို ၎င်းတို့ရဲ့ ကိုယ်ပိုင်အခွင့်ရေးဖြစ်တဲ့ အခမ်းအနားတစ်ခုအဖြစ် ရှုမြင်လိုကြပါတယ်။ 1995 ခုနှစ်၊ 𝘔𝘢𝘴𝘴𝘢𝘤𝘩𝘶𝘴𝘦𝘵𝘵𝘴 ပြည်နယ်၊ အုပ်ချုပ်ရေးမှူး 𝘞𝘪𝘭𝘭𝘪𝘢𝘮 𝘍. 𝘞𝘦𝘭𝘥 က ယနေ့ကို ပန်းဒီဇိုင်းနေ့အဖြစ် ကြေငြာခဲ့ပါတယ်။ ပန်းဒီဇိုင်းပညာရှင်တို့အတွက် အသိမှတ်ပြုစရာနေ့လေးလည်း ဖြစ်ပါတယ်။

🌾တောင်သူလယ်သမားနေ့🌾

🌾တောင်သူလယ်သမားနေ့🌾   ၂၀၂၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ဟာ ကျေးဇူးရှင် တောင်သူအားလုံးကို ဂုဏ်ယူအသိမှတ်ပြုတဲ့ နေ့ဖြစ်ပါတယ်။   တောင်သူများအားလုံး ကျန်းမာရွှင်လန်းကြစေဖို့ အမျိုးသားကန်တော်ကြီးဥယျာဉ်မှ ဂုဏ်ပြုဆုတောင်းလိုက်ပါတယ်။

👭🏻“Women’s Day”👭🏻

👭🏻“Women’s Day”👭🏻   𝓦 - 𝓦𝓸𝓷𝓭𝓮𝓻𝓯𝓾𝓵 𝔀𝓲𝓯𝓮 𝓞 - 𝓞𝓾𝓽𝓼𝓽𝓪𝓷𝓭𝓲𝓷𝓰 𝓯𝓻𝓲𝓮𝓷𝓭 𝓜 - 𝓜𝓪𝓻𝓿𝓮𝓵𝓸𝓾𝓼 𝓭𝓪𝓾𝓰𝓱𝓽𝓮𝓻 𝓐 - 𝓐𝓭𝓸𝓻𝓪𝓫𝓵𝓮 𝓼𝓲𝓼𝓽𝓮𝓻 𝓝 - 𝓝𝓾𝓻𝓽𝓾𝓻𝓲𝓷𝓰 𝓶𝓸𝓽𝓱𝓮𝓻   ထူးချွန်ထက်မြတ်လှပတဲ့ သမီးကောင်း၊ သူငယ်ချင်းကောင်း၊ ချစ်သူကောင်း၊ ဇနီးကောင်း၊ မိခင်ကောင်းတစ်ယောက် ဖြစ်ကြမယ့် တန်ဖိုးရှိလှတဲ့ အမျိုးသမီးတို့ရဲ့ ဂုဏ်ရည်ကို လေးစားဂုဏ်ပြုလိုက်ပါတယ်။

🌳အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ 🌳 (International Day of Forests)

🌳အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ 🌳 (International Day of Forests)   ကမ္ဘာ့ကုလသမဂ္ဂ (United Nations) မှ ဦးစီး၍ နှစ်စဉ်နှစ်တိုင်း မတ်လ (၁၂) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အဖြစ် သတ်မှတ်ဂုဏ်ပြုခဲ့ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ (United Nations) မှ သစ်ပင် သစ်တောများသည် ကမ္ဘာကြီးအတွက် သန့်ရှင်းသည့်လေထုနှင့် အခြားသောကောင်းကျိုးများစွာကို ဆောင်ရွက်ပေးနေသော သစ်တောများ မပျောက်ကွယ် မပျက်စီးစေရန် ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း ကမ္ဘာ့နိုင်ငံများအား အသိပညာပေးသည့် နေ့တစ်နေ့လည်းဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှ စတင်၍ ဂုဏ်ပြုလာသည့် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့သည် ယခုနှစ်ဆိုလျှင် (၁၂) နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ကို ကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ အမျိုးစုံလင်သော သစ်တောတို့၏ အရေးပါမှုကို သတိပြုမိစေရန်အတွက်ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်၏ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အတွက် ဆောင်ပုဒ်မှာ (Forest and Innovation) ဖြစ်ပြီး သစ်တောများကို ထိန်းသိမ်းကာကွယ်ရန် ဆန်းသစ်တီထွင်မှုများကို ပြုလုပ်လာကြခြင်းဟူ၍ ဖြစ်ပါတယ်။ သစ်တော သစ်ပင်များသည် လူသားများနှင့် တိရစ္ဆာန်များအတွက် သန့်ရှင်းသောလေနှင့် ရေတို့ကို ထောက်ပံ့ပေးရုံသာမက လူသားများအတွက် အစားအစာ၊ အမိုးအကာနှင့် ဆေးဝါးများကိုလည်း ထောက်ပံ့ပေးလျက်ရှိကြပါတယ်။ သဘာဝမှပေးထားသည့်...

💦 သင်္ကြန်ပွဲတော် နွှဲစို့နော် 💦 

💦 သင်္ကြန်ပွဲတော် နွှဲစို့နော် 💦   မြန်မာ့ရိုးရာ နှစ်သစ်ကူးကာလ ဖြစ်တဲ့ သင်္ကြန်ပွဲတော် အခါသမကို မကြာခင်ပဲ ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ 💦 တစ်နှစ်တစ်ခါ ကျရောက်တဲ့ နှစ်သစ်ကူးအခါသမမှာ ပျော်ရွှင်စွာ စိတ်အပန်းဖြေအနားယူပြီး နှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်ကို ပါမလာအောင် အတာရေနှင့်ဆေးကြောရအောင်လားရှင်.....🫧🫧🫧🫧🫧🫧 မဟာသင်္ကြန် ပွဲတော်ကာလ အတွင်းတွင် 🎶. Music Band များနှင့် ဖျော်ဖြေတင်ဆက်မှုများ 🎧. Dj Performance အစီအစဉ်များ 💦. ရေကစားခြင် အစီအစဉ်များ 🍔. စတုဒီသာကျွေးမွေးခြင်း အစီအစဉ်များ နှင့်အတူ ဈေးဆိုင်ခန်းများ ကို လည်း ထည့်သွင်းဖွင့်လှစ်ပေးထားပြီး အခြားထူးခြားသော အစီအစဉ်များလည်းရှိသောကြောင့် မြန်မာ့နှစ်ကူးပွဲတော်ဖြစ်သော သင်္ကြန်ပွဲတော် ကို အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်) သို့လာရောက် လည်ပတ်ရင်း ပျော်ရွှင်စွာ အတူဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်.... 💦🎶🫧

🙏🙏🙏 ❤️ မင်္ဂလာရှိတဲ့ နှစ်သစ်ကူးအခါသမယ

🙏🙏🙏 ❤️ မင်္ဂလာရှိတဲ့ နှစ်သစ်ကူးအခါသမယမှာ မြန်မာပြည်သူပြည်သားအပေါင်း ဘေးဘယာဝေးကွာပြီး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများ ရရှိပြီး လိုအင်ဆန္ဒများပြည့်ဝပါစေကြောင်း အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်) မိသားစု မှ နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်.....❤️ 🙏🙏🙏

🌲🌲ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ (World Environment Day)🌲🌲

🌲🌲ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ (World Environment Day)🌲🌲   နှစ်စဉ် ဇွန်လ (၅)ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ (World Environment Day) အဖြစ်သတ်မှတ်ပြီး နှစ်စဉ်ကျင်းပလာခဲ့ရာ ကမ္ဘာတစ်ဝှမ်းလုံးရှိ သန်းပေါင်းများစွာသော လူများပါဝင်ဆင်နွှဲလေ့ရှိပါသည်။ ယခုနှစ် ၂၀၂၄ ခုနှစ်တွင်လည်း “Our Land, Our Future” ဟူသောဆောင်ပုဒ် နှင့် အညီ မြေဆီလွှာထိန်းသိမ်းခြင်း၊ သဲကန္တရ နှင့် မိုးခေါင်ရေရှားမှု ဖြစ်ပေါ်မှုများကို ကာကွယ်ထိန်းသိမ်းခြင်းကို ဦးစားပေး၍ ဆောင်ရွက်ရန်တိုက်တွန်း နိုးဆော်ထားကြပါတယ်။ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပွဲကို ဆော်ဒီအာရေဗီယျ နိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည်ဖြစ်ပါသည်။ အမျိုးသားကန်တော်ကြီး ဥယျာဉ်(ပြင်ဦးလွင်) အနေဖြင့်လည်း ရေရှည်တည်တံ့သောပတ်ဝန်းကျင်ဖြစ်ပေါ်လာစေ ရန်အတွက် ရည်ရွယ်ပြီး ဥယျာဉ်အတွင်း မြေဆီလွှာများထိန်းသိမ်းခြင်း၊ သဘာဝတီကျစ်မြေဩဇာများ ထုတ်လုပ်ခြင်း သုတေသနလုပ်ငန်းများ၊ မြေအောက်ရေ ခမ်းခြောက်မှုမရှိစေရန် စနစ်တကျထိန်းသိမ်းခြင်း လုပ်ငန်းများကို တဖက်တလမ်းမှ အားသွန်ခွန်စိုက်ဆောင်ရွက်လျှက်ရှိကြောင်း အသိပေးရင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ (World Environment Day) ကို နှစ်စဉ်နှစ်တိုင်း ပါဝင်ဆင်နွှဲလျှက်ရှိပါသည်။ ထို့ကြောင့် အမျိုးသားကန်တော်ကြီး ဥယျာဉ်(ပြင်ဦးလွင်)သို့ လာရောက်လည်ပါတ်ရင်း ရေရှည်တည်တံ့သော သဘာဝပါတ်ဝန်းကျင် တည်ဆောက်ရာတွင် တစ်ဖက်တလမ်းမှနေ၍...

Copyright 2018. All rights reserved.